ထိုသားကို ငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာချမည်။ သူ၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲ တည်ရလိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
ငါသည်သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ကရုဏာကိုနုတ်သကဲ့သို့ သင်၏သား၌ ငါမနုတ်။
ထိုဗျာဒိတ်တော်စကား အလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်။
နာမတော်သည် အစဉ်အမြဲ တည်လိမ့်မည်။ နေသည် တည်သမျှသောကာလပတ်လုံး နာမတော် တိုးပွားလိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။
ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌လည်းကောင်း၊ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌လည်းကောင်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။