Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:43

Judson Bible

ထို​နောက်​မှ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ရှစ်​ရက်​မြောက်​သော​နေ့၌ လူ​များ​တို့​ကို လွှတ်​လိုက်​တော်​မူ၏။ သူ​တို့​သည် ရှင်​ဘု​ရင်​ကို ကောင်း​ချီး​ပေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဒါ​ဝိဒ်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့်၊ ဝမ်း​မြောက်​ရွှင်​လန်း​လျက် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ဒါ​ဝိဒ်​မင်း​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခါ၊ ပ​ရော​ဖက်​နာ​သန်​ကို​ခေါ်၍ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​မူ​ကား ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊

စုံ​လင်​သော တ​ရား​အ​တိုင်း ပ​ညာ​သ​တိ​နှင့် ကျင့်​ပါ​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ အ​ဘယ်​ကာ​လ​မှ ကြွ​လာ​တော်​မူ​မည်​နည်း။ ကိုယ်​အိမ်​တွင် သန့်​ရှင်း​သော​စိတ်​နှ​လုံး​နှင့် ကျင့်​ပါ​မည်။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ