Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:41

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ စာ​ရင်း​ဝင်​သော မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က လူ​တစ်​သောင်း​ရှစ်​ထောင်၊

ထို​လေ​ဝိ​သား​တို့​သည် ယော​လ​သား ဟေ​မန်၊ သူ၏​ညီ​စု​ထဲ​က ဗေ​ရ​ခိ​သား အာ​သပ်၊ မိ​မိ​တို့​ညီ​စု၊ မေ​ရာ​ရိ​အ​မျိုး​ထဲ​က ကု​ရှာ​ယ​သား ဧ​သန်​တို့​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ၊ နေ့​တိုင်း ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​စဉ်​အ​မြဲ ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ အာ​သပ်​နှင့် သူ၏​ညီ​တို့​ကို​လည်း​ကောင်း၊

ထို​အ​မှု​တော်​ကို စောင့်​သော​သူ​တို့​နှင့် သား​စဉ်​မြေး​ဆက် ဟူ​မူ​ကား၊ ဣ​သ​ရေ​လ၊ လေ​ဝိ၊ ကော​ဟတ်၊ ဣ​ဇ​ဟာ၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ အဿိ​ရ၊ တာ​ဟတ်၊ ဇေ​ဖ​နိ၊ အာ​ဇ​ရိ၊ ယော​လ၊ ဧ​လ​ကာ​န၊ အ​မာ​သဲ၊ မာ​ဟတ်၊ ဧ​လ​ကာ​န၊ ဇော​ဖဲ၊ တော​အာ၊ ဧ​လျာ​ဘ၊ ယေ​ရော​ဟံ၊ ဧ​လ​ကာ​န၊ ရှ​မွေ​လ၊ ယော​လ​တို့​မှ ဆင်း​သက်​သော ကော​ဟတ်​အ​မျိုး၊ သီ​ချင်း​သည် ဟေ​မန်​တစ်​ပါး၊

လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။

သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။

ထို​သို့​မီး​ကျ၍ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​ပေါ်​မှာ သက်​ရောက်​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြင်​လျှင်၊ ကျောက်​ခင်း​အ​ရပ်၌ မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက် ကောင်း​မြတ်​တော်​မူ​သည်၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။

လေ​ဝိ​သား​တို့​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​နှင့် မှူး​တော်​မတ်​တော်​ခန့်​ထား​သော ဘု​ရား​ကျွန်​များ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​ရာ​နှစ်​ကျိပ်​တို့​ကို ခေါ်​ခဲ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။

ငါ​သည်​စ​ကား​ဖြင့်​မျှ မ​ပြစ်​မှား​မည်​အ​ကြောင်း၊ ကိုယ်​အ​ကျင့်​ကို သ​တိ​ပြု​မည်။ မ​တ​ရား​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ​စဉ်၊ ငါ​သည်​ကိုယ်​နှုတ်​ကို ချည်​နှောင်​မည်​ဟု ငါ​ပြော​ထား၏။

ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။

နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။

အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။

ထို​သို့​နာ​မည်​ဖြင့်​ရွေး​တော်​မူ​သော ထို​သူ​တို့​ကို၊ မော​ရှေ​နှင့်​အာ​ရုန်​သည် ခေါ်၍၊

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ