Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:2

Judson Bible

မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊

ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။

ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။

ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။

မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း အ​မှု​ကို​ပြီး​စီး​သော​အ​ခါ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

ထို​သို့ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ဆောင်​ခဲ့၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်၌​ထား​ပြီး​မှ၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပူ​ဇော်​ကြ၏။

ဣ​သ​ရေ​လ လူ​ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ်​တစ်​ပြား​စီ ဝေ​ငှ​တော်​မူ၏။

လက်​စ​သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်​နှင့် စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။-

ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ