Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​အ​ဖို့ ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​စေ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် သေ​တ္တာ​တော်​ကြောင့် ဩ​ဗ​ဒေ​ဒုံ​နှင့် သူ၌​ရှိ​သ​မျှ​ကို ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး​ကြား​သော​အ​ခါ၊ တစ်​ဖန်​သွား၍ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဒါ​ဝိဒ်​မြို့​သို့ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို​သွင်း၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်​တွင် သူ့​နေ​ရာ၌​ထား​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။

ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊

ထို​နောက် ဒါ​ဝိဒ်​မြို့၌ အိမ်​တော်​တို့​ကို ဆောက်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ဌာ​န​ကို ပြင်၍ တဲ​တော်​ကို​လည်း တည်​တော်​မူ​ပြီး​မှ၊

သင်​တို့​သည် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​အ​ဖို့ ငါ​ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ​ကြ​လော့။

ထို​သို့ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ဆောင်​ခဲ့၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်၌​ထား​ပြီး​မှ၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပူ​ဇော်​ကြ၏။

လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊

ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ကား ဒါ​ဝိဒ်​ပြင်​ဆင်​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆောက်​နှင့်​သော​တဲ​သို့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​သော်​လည်း၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊

မော​ရှေ​မှာ​ထား​သော​အ​ရာ​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ချဉ်း​ကပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ