Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:25

Judson Bible

ထို​သို့ ဒါ​ဝိဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ လူ​တစ်​ထောင်​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​ခြင်း​ငှာ​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ကား ဒါ​ဝိဒ်​ပြင်​ဆင်​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆောက်​နှင့်​သော​တဲ​သို့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​သော်​လည်း၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော သိမ်း​သွား​ခြင်း​ကို​ခံ​ဖူး​သော အ​မျိုး​သား​ချင်း​ရှိ​သ​မျှ​တို့​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် အ​နု​မော​ဒ​နာ​ပွဲ​ခံ​ကြ၏။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

မော​ရှေ​သည် စစ်​တိုက်​ရာ​မှ​ပြန်​လာ​သော တပ်​မှူး​များ၊ ဗိုလ်​မင်း​များ​တို့​ကို အ​မျက်​ထွက်၍၊

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။

ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။

ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-

သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။-

သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊

အို ဗင်္ယာ​မိန် အ​မျိုး​သား​တို့၊ ယေ​ရှဲ၏​သား​သည် လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို သင်​တို့​ရှိ​သ​မျှ၌ ဝေ​ပေး​နိုင်​သ​လော။ သင်​တို့​ရှိ​သ​မျှ​ကို လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​နိုင်​သ​လော။

လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ