လေဝိသား အကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်းဆရာကြီး ဖြစ်၏။
လေဝိသား အကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှာ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။
ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါးစောင့်ဖြစ်၏။
ဒါဝိဒ်နှင့် သေတ္တာတော်ကိုထမ်းသော လေဝိသားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့သည် ပိတ်ချောကိုဝတ်ကြ၏၊ ဒါဝိဒ်သည် ပိတ်သင်တိုင်းကိုလည်းထပ်၍ဝတ်၏။