Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:2

Judson Bible

ဒါ​ဝိဒ်​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ထမ်း၍ ရှေ့​တော်၌ အ​မှု​တော်​ကို​အ​စဉ်​စောင့်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဝိ​သား​တို့​ကို ရွေး​ချယ်​တော်​မူ​သော​ကြောင့်၊ အ​ခြား​တစ်​ပါး​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မ​ထမ်း​ရ​ကြ​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​ကို​သွန်​သင်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား ရှော​လ​မုန်​တည်​ဆောက်​သော​အိမ်၌ သန့်​ရှင်း​သော​သေ​တ္တာ​တော်​ကို သွင်း​ထား​ကြ​လော့။ နောက်​တစ်​ဖန် သေ​တ္တာ​တော်​ကို​မ​ထမ်း​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု၊ ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို ထမ်း​ကြ​လော့။

သေ​တ္တာ​ထမ်း​စ​ရာ​ဖို့​တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း​ထဲ​သို့ လျှို​ထား​ရ​မည်။

ထို​သူ​အ​ချို့​တို့​ကို ငါ​ရွေး​ယူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် လေ​ဝိ​လူ​အ​ရာ၌ ခန့်​ထား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊

သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ