Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:19

Judson Bible

သီ​ချင်း​ဆ​ရာ ဟေ​မန်၊ အာ​သပ်၊ ဧ​သန်​တို့​သည် ကြေး​ဝါ​ခွက်​ကွင်း​ကို တီး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည် ဧ​ဇ​ရ​ဟိတ်​အ​မျိုး ဧ​သန်၊ မ​ဟော​လ​သား ဟေ​မန်၊ ခါ​လ​ကော​လ၊ ဒါ​ရ​ဒ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့​ထက်​သာ၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်၌ ကျော်​စော​လေ၏။

ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သီ​ချင်း​ဆို​လျက် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း၊ တံ​ပိုး​တို့​ကို​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။

လေ​ဝိ​သား အ​ကြီး​အ​ကဲ​တို့​သည် စောင်း၊ တ​ယော၊ ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့် သီ​ချင်း​ဆို​တတ်​သော ညီ​အစ်​ကို​တို့​ကို ဝမ်း​မြောက်​စွာ အ​သံ​ပြိုင်​ဆို​စေ​ခြင်း​ငှာ ခန့်​ထား​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊

မိ​မိ​တို့​ညီ ဒု​တိ​ယ​အ​ရာ​ရှိ​ဖြစ်​သော ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ​သေ​ယ၊ မ​တ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ၊ တံ​ခါး​စောင့်​ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ၊ အာ​ဇ​ဇိ​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။

ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ မာ​သေ​ယ၊ ဗေ​နာ​ယ​တို့​သည် အာ​လ​မုတ်​တ​ယော​ကို ထိုး​ရ​ကြ၏။

သီ​ချင်း​သည်​တို့၏ အ​ဆောင်၊ တံ​ပိုး၊ ခွက်​ကွင်း အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တူ​ရိ​ယာ​မျိုး​ကို​ကိုင်​သော ဟေ​မန်​နှင့်​ယေ​ဒု​သုန်​အ​စ​ရှိ​သော ရွေး​ကောက်၍ စာ​ရင်း​သွင်း​သော​သူ အ​ခြား​တို့​ကို​လည်း ထား​တော်​မူ၏။ ယေ​ဒု​သုန်​သား​တို့​သည်​လည်း တံ​ခါး​စောင့်​ဖြစ်​ကြ၏။

ခွက်​ကွင်း​တီး​သော အ​ကြီး​အ​ကဲ အာ​သပ်၊ သူ့​နောက် စောင်း​တ​ယော​တီး​သော ဇာ​ခ​ရိ၊ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မ​တ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ တစ်​စု​နှင့်၊

ထို​မှ​တစ်​ပါး အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​သား​တို့​နှင့်​အ​တူ​ဝိုင်း၍ စောင်း၊ တ​ယော၊ ခွက်​ကွင်း​ကို တီး​မှုတ်​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ ဒါ​ဝိဒ်​နှင့် ပ​ရိ​သတ်​ဗိုလ်​ခြေ အ​ကြီး​အ​ကဲ​တို့​သည် ခွဲ​ခန့်​သော​သူ​တို့ စာ​ရင်း​ဟူ​မူ​ကား၊

ထို​သား​အ​ပေါင်း​တို့​သည် အာ​သပ်၊ ယေ​ဒု​သုန်၊ ဟေ​မန်​တို့​ကို ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း အ​ဘ​ဟေ​မန်၌ တ​ပည့်​ဖြစ်၍၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏ အိမ်​တော်၌ ခွက်​ကွင်း၊ စောင်း၊ တ​ယော​ကို​တီး​လျက်၊ သီ​ချင်း​ဆို၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ၏။

လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​ဖို့ ဒါ​ဝိဒ်​မင်း​ကြီး​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက် ဒါ​ဝိဒ်၏ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။

အ​သံ​ကျယ်​သော သံ​လွင်​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​ကြီး​ဆုံး​သော​လင်း​ကွင်း​ကို​လည်း​တီး​လျက် ချီး​မွမ်း​ကြ​လော့။

လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ