၁ ရာချုပ် 15:14Judson Bibleထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ ကိုယ်ကို သန့်ရှင်းစေကြ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့်၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ်၍၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်းစေမီ၊ အမှုတော် လက်စမသတ်မီတိုင်အောင်၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ၏။ ကိုယ်ကို သန့်ရှင်းစေခြင်းငှာ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ၍ စိတ်သဘောဖြောင့်ကြ၏။
ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သောအမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။