၁ ရာချုပ် 15:11Judson Bibleဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့်အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍၊ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော်ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဉ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။