ဖိလိတ္တိလူတို့သည် လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
ဗိုလ်စုအဝင် သုံးယောက်တို့သည် ဒါဝိဒ်ရှိရာကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
တစ်ဖန် ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြားလာ၍နေကြ၏။
ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။
လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။