ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍ မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကိုလွဲစေကြ၏။
ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။
ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သောသားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
ထာဝရဘုရားသည် ငါ့အား များစွာသောသားတို့ကိုပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏နိုင်ငံတော် ရာဇပလ္လင်ပေါ်မှာ ထိုင်စေခြင်းငှာ ခန့်ထားတော်မူပြီ။
နေအောက်မှာ ပေးသနားတော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာ ကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့်အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တစ်ဖန် သစ္စာမစောင့်၊ ပြစ်မှားသော မယားတစ်ဖက်နှင့် သင့်တစ်ဖက်၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့် ဆိုင်သောမယားဖြစ်သတည်း။
ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။-
သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။