၁ ရာချုပ် 14:2Judson Bibleထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကိုနှစ်သက်၍၊ ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အားပြောဆို၍၊
သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။
ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။
ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသောကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှာသာ ဘုရားသခင် ဖွင့်ပြတော်မူ၏။