Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 14:10

Judson Bible

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဒါ​ဝိဒ်​သည်​လည်း​မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ တည့်​တည့်​မ​တက်​ရ။ သူ​တို့​နောက်​သို့​ဝိုင်း၍ ပိုး​စာ​တော​တစ်​ဖက်၌ ချီ​ရ​မည်။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။

ငါ​တို့၏ ဘု​ရား​သ​ခင်​သေ​တ္တာ​တော်​ကို တစ်​ဖန် ဆောင်​ခဲ့​ကြ​ကုန်​အံ့။ ရှော​လု​လက်​ထက်၌ ထို​သေ​တ္တာ​တော်​ရှေ့​မှာ မေး​မြန်း​လေ့​မ​ရှိ​ပါ​တ​ကား​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊

ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။

ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​ကို တစ်​ဖန်​မေး​လျှောက်​သော်၊ သူ​တို့​ရှိ​ရာ​သို့ တည့်​တည့်​မ​တက်​ရ။ သူ​တို့​မှ​လွှဲ၍ ပိုး​စာ​တော​တစ်​ဖက်​တစ်​ချက်၌ ချီ​ရ​မည်။

ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ