Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 14:1

Judson Bible

တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ဒါ​ဝိဒ်​အ​ဖို့ နန်း​တော်​ကို​တည်​ဆောက်​ခြင်း​ငှာ၊ သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို စေ​လွှတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​နာ​သန်​ကို ခေါ်၍၊ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​မူ​ကား၊ ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊

ရှော​လ​မုန်​ကို ခ​မည်း​တော်​အ​ရာ၌ ဘိ​သိက်​ပေး​ကြောင်း​ကို တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ကြား​လျှင်၊ ဒါ​ဝိဒ်​နှင့်​အ​စဉ် မိတ်​ဆွေ​ဖွဲ့​သော​သူ​ဖြစ်၍၊ မိ​မိ​ကျွန်​တို့​ကို စေ​လွှတ်​လေ၏။

ထမ်း​ရွက်​သော​သူ ခု​နစ်​သောင်း၊ တောင်​ရိုး​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း​တို့​ကို​လည်း စေ​ခိုင်း​တော်​မူ၍၊

ထို​သို့ ရှော​လ​မုန်​မင်း၏​လက်​သ​မား​တို့​နှင့် ဟိ​ရံ​မင်း၏​လက်​သ​မား​တို့​သည် ဂေ​ဗာ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ၊ အိမ်​တော်​ကို​တည်​ဆောက်​စ​ရာ​ဖို့ သစ်​သား​များ၊ ကျောက်​များ​တို့​ကို ပြင်​ဆင်​ကြ၏။

မင်း​ကြီး၏​ကျွန်​တို့​သည် ငါ့​အ​ဖို့ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ​စေ​ခြင်း​ငှာ စီ​ရင်​ပါ။ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့်​ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ မင်း​ကြီး​စီ​ရင်​သည်​အ​တိုင်း၊ မင်း​ကြီး၏ ကျွန်​တို့​အား အ​ခ​ကို​ပေး​ပါ​မည်။ ဇိ​ဒုန်​အ​မျိုး​သား​တို့​သည် သစ်​ခုတ်​တတ်​သ​ကဲ့​သို့ ငါတို့​တွင် အ​ဘယ်​သူ​မျှ မ​ခုတ်​တတ်​သည်​ကို မင်း​ကြီး​သိ​သည်​ဟု မှာ​လိုက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်​လေ၏။

ဒါ​ဝိဒ်​မင်း​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခါ၊ ပ​ရော​ဖက်​နာ​သန်​ကို​ခေါ်၍ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​မူ​ကား ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊

ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​အိမ်​တော် တည်​စ​ရာ​ဖို့ ကျောက်​ဆစ်​ရ​သော ပန်း​ရန်​သ​မား​တို့​ကို​လည်း စေ​ခိုင်း​တော်​မူ၏။

ထမ်း​ရွက်​သော​သူ ခု​နစ်​သောင်း၊ တောင်​ရိုး​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ ကြည့်​ရှု​စီ​ရင်​ရ​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ခန့်​ပြီး​မှ၊

တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။

ပန်း​ရန်​သ​မား​နှင့် လက်​သ​မား​တို့​အား​လည်း ငွေ​ကို​ပေး​ကြ၏။ ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု အ​ခွင့်​ပေး​တော်​မူ​သည်​အ​တိုင်း၊ အာ​ရဇ်​သစ်​သား​ကို လေ​ဗ​နုန်​တောင်​မှ ယု​ပ္ပေ​ဆိပ်​သို့ ဆောင်​စေ​ခြင်း​ငှာ၊ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​အား၊ စား​စ​ရိတ်​နှင့် ဆီ​များ​ကို ပေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ