Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 13:5

Judson Bible

ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဒါ​ဝိဒ်​သည် ရွေး​ချယ်​သော​ဣ​သ​ရေ​လ​လူ သုံး​သောင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊

ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။

စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် နှစ်​သက်​သော​ကြောင့်၊ အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။

ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ပြည် ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ဗာ​လာ​မြို့​သို့ သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​အ​ဖို့ ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​စေ​သော​အ​ခါ၊

များ​သော​ရေ​ကို အ​မှီ​ပြု​သော ရှိ​ဟော​ရ​မျိုး​စေ့၊ မြစ်၏​အ​သီး​အ​နှံ​ကို ထို​မြို့​သည် အ​ခွန်​ရ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၏ ဈေး​ဖြစ်​လေ​ပြီ။

ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။

ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။

ကိ​ရ​ယတ်​ယာ​ရိမ် မြို့​သား​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တစ်​ဖန်​ပို့​ကြ​ပြီ။ သင်​တို့​လာ၍ ဆောင်​သွား​ကြ​ပါ​တော့​ဟု မှာ​လိုက်​ကြ၏။

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ဆောင်​သွား​သ​ဖြင့်၊ တောင်​ပေါ်​မှာ​ရှိ​သော အ​ဘိ​န​ဒပ်​အိမ်၌​ထား၍ သေ​တ္တာ​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ သူ၏​သား​ဧ​လာ​ဇာ​ကို သန့်​ရှင်း​စေ​ကြ၏။

သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ