Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 13:3

Judson Bible

ငါ​တို့၏ ဘု​ရား​သ​ခင်​သေ​တ္တာ​တော်​ကို တစ်​ဖန် ဆောင်​ခဲ့​ကြ​ကုန်​အံ့။ ရှော​လု​လက်​ထက်၌ ထို​သေ​တ္တာ​တော်​ရှေ့​မှာ မေး​မြန်း​လေ့​မ​ရှိ​ပါ​တ​ကား​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။

စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် နှစ်​သက်​သော​ကြောင့်၊ အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။

အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။

တဲ​တော်​သည် ဧ​ဖ​ရိမ်​ပြည်​မှာ​ရှိ​ကြောင်း​ကို ငါ​တို့​သည်​ကြား​ရ​ပြီ။ ယာ​ရိမ်​တော၌ တွေ့​ကြ​ပြီ။

ထို​ကာ​လ​အ​ခါ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ရှိ​သည်​ဖြစ်၍၊ ရှော​လု​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ယူ​ခဲ့​ပါ​ဟု အ​ဟိ​ယ​အား​ဆို၏။

တစ်​ဖန် ရှော​လု​က၊ ည​အ​ခါ ငါ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ဘဲ၊ မိုး​လင်း​သည်​တိုင်​အောင် ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု​စီ​ရင်၍၊ လူ​များ​တို့​က စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ဝန်​ခံ​ကြ​သော်၊ ယဇ်​ပု​ရော​ဟိတ်​က၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​ကုန်​အံ့​ဟု ဆို​လေ၏။

အ​ဟိ​မ​လက်​သည် ယေ​ရှဲ၏​သား​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​မြန်း၍ စား​စ​ရိတ်​ကို​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​ကို​လည်း​ကောင်း​ပေး​ပါ၏​ဟု ကြား​လျှောက်​လျှင်၊

ထို​ကာ​လ၌ အ​ကျွန်ုပ်​သည် ဒါ​ဝိဒ်​အ​ဖို့ ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​မြန်း​စ​ပြု​သ​လော။ ထို​အ​မှု ဝေး​ပါ​စေ​သော။ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​ကျွန်​နှင့် ကျွန်​တော်၏​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်၌​မျှ အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​မှု​ကို အ​ကြီး​အ​ငယ်​အား​ဖြင့်​မျှ မ​သိ​ပါ​ဟု ရှင်​ဘု​ရင်​အား လျှောက်​လေ၏။

အ​ကျွန်ုပ်​သည် ထို​ဖိ​လိ​တ္တိ​လူ​တို့​ကို သွား၍ လုပ်​ကြံ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ၍ ကိ​လ​မြို့​ကို ကယ်​တင်​လော့​ဟု ဒါ​ဝိဒ်​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ