Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 13:2

Judson Bible

ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က၊ ကိုယ်​တော်​သည် ယ​နေ့​ဤ​သူ​တို့၏​ကျွန်​ခံ​လျက်၊ သူ​တို့​အ​မှု​ကို​စောင့်၍ ကောင်း​သော​စ​ကား​နှင့် ပြန်​ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန်​ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။

သို့​ရာ​တွင် ယော​ရံ​မင်း​သည် ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို စစ်​တိုက်​သော​အ​ခါ၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား​နှင့်​ပြီ။ ယေ​ဟု​က​လည်း၊ သင်​တို့​အ​လို​ရှိ​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သို့​သွား၍ သ​တင်း​ကြား​ပြော​ရ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ မြို့​ထဲ​က​မ​ထွက်​မ​သွား​စေ​နှင့်​ဟု စီ​ရင်၏။

ဣ​သ​ရေ​လ​လူ​ပြေး​ကြောင်း၊ ရှော​လု​နှင့် သူ၏​သား​များ​သေ​ကြောင်း​ကို၊ ချိုင့်၌​နေ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်​သိ​မြင်​လျှင်၊ မြို့​ရွာ​တို့​ကို စွန့်​ပစ်​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍​နေ​ကြ၏။

တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊

ငါ​တို့၏ ဘု​ရား​သ​ခင်​သေ​တ္တာ​တော်​ကို တစ်​ဖန် ဆောင်​ခဲ့​ကြ​ကုန်​အံ့။ ရှော​လု​လက်​ထက်၌ ထို​သေ​တ္တာ​တော်​ရှေ့​မှာ မေး​မြန်း​လေ့​မ​ရှိ​ပါ​တ​ကား​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊

ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။

တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ