မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။
ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။
တစ်ဖန် ဒါဝိဒ်သည် ရွေးချယ်သောဣသရေလလူ သုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊
ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်၍၊ ဘုရားသခင်၏သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟု ဆိုလျက်၊
မိမိတို့ညီ ဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကိုလည်းကောင်း ခန့်ထားကြ၏။
ထိုသို့ ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုး အသက်ကြီးသူ၊ လူတစ်ထောင်အုပ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှာသွားကြ၏။
ခွက်ကွင်းတီးသော အကြီးအကဲ အာသပ်၊ သူ့နောက် စောင်းတယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေလ တစ်စုနှင့်၊
ဩဗဒေဒုံ၏သားဦး ရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဥ္စမသား နာသနေလ၊
အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။