Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 13:10

Judson Bible

ထို​သို့ သေ​တ္တာ​တော်​ကို ကိုင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို အ​မျက်​ထွက်၍၊ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဩ​ဇ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ သေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဩ​ဇ​ကို ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ဒါ​ဝိဒ်​သည် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ ထို​အ​ရပ်​သည် ယ​နေ့​တိုင်​အောင် ပေ​ရ​ဇော​ဇ​အ​မည်​ဖြင့် တွင်​သ​တည်း။

အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။

ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။

နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ