၁ ရာချုပ် 13:1Judson Bibleတစ်ဖန် ဒါဝိဒ်သည် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွားနှင့်တကွ အမဲသား၊ မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။
ဣသရေလ အမျိုးပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင် ထာဝရဘုရားအခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့် မြို့နယ်၌နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှာ အနှံ့အပြားစေလွှတ်ကြကုန်အံ့။