Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:40

Judson Bible

အ​နီး​အ​ပါး၌ နေ​သော​သူ​တို့​သည်​လည်း၊ သိုး​နွား​နှင့်​တ​ကွ အ​မဲ​သား၊ မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ်​သီး၊ စ​ပျစ်​ရည်၊ ဆီ​တည်း​ဟူ​သော ရိ​က္ခာ​များ​ကို မြည်း၊ ကု​လား​အုတ်၊ လား၊ နွား​အ​ပေါ်​မှာ​တင်​လျက် ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​မှ ပင့်​ဆောင်​ခဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပျော်​မွေ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် တောင်​ထိပ်​ကို အ​နည်း​ငယ်​လွန်​သော​အ​ခါ၊ မေ​ဖိ​ဗော​ရှက်၏​ကျွန် ဇိ​ဘ​သည် ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့်​တ​ကွ၊ မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​တစ်​ရာ စ​ပျစ်​ရည်​ဘူး​တစ်​လုံး​ကို မြည်း​ပေါ်​မှာ တင်​ဆောင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။

လူ​အ​ပေါင်း​တို့​သည် တီး​မှုတ်​လျက် နောက်​တော်​သို့​လိုက်၍၊ မြေ​ကြီး​ကွဲ​မ​တတ်​ရှိ​သည်​တိုင်​အောင် အ​လွန်​ဝမ်း​မြောက်​သော​အ​သံ​ကို ပြု​ကြ၏။

နန်း​တော်​နား​မှာ အာ​သ​လိ​ကို​သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။

ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။

တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊

ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ပျော်​မွေ့​ခြင်း​ကို​ပြု​လျက် ဒါ​ဝိဒ်၏​သား​တော် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ဒု​တိ​ယ​အ​ကြိမ်​ချီး​မြှောက်၍ ထာ​ဝ​ရ​ဘု​ရား​အောက်​မှာ မင်း​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဇာ​ဒုတ်​ကို ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘိ​သိက်​ပေး​ကြ၏။

တ​ရား​သော​သူ​သည် ကောင်း​စား​သော​အ​ခါ တစ်​မြို့​လုံး​ဝမ်း​မြောက်​ခြင်း​ရှိ၏။ မ​တ​ရား​သော​သူ​သည် ဆုံး​ရှုံး​သော​အ​ခါ​မူ​ကား၊ ကြွေး​ကြော်​ခြင်း​ရှိ၏။

ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ခွင့်​ရ​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​မြောက်​တတ်​ကြ၏။ မ​တ​ရား​သော​သူ​တို့​သည် အုပ်​စိုး​သော​အ​ခါ​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​နည်း​တတ်​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဖူး​မျှော်၍၊ စ​ပျစ်​သီး​ပျဉ်​ကို အ​လို​ရှိ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သည်​နည်း​တူ၊ မိ​မိ​ခင်​ပွန်း၏ ချစ်​ခြင်း​ကို​ခံ​လျက် မျောက်​မ​ထား​သော မိန်း​မ​ကို သွား၍​ချစ်​ဦး​လော့​ဟု ငါ့​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊

အ​ဘိ​ဂဲ​လ​သည် မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည်​ဘူး​နှစ်​လုံး၊ ချက်​ပြီး​သော သိုး​ငါး​ကောင်၊ ပေါက်​ပေါက်​ငါး​ဧ​ဖာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး ပျဉ်​အ​ပြား​နှစ်​ရာ​တို့​ကို အ​လျင်​အ​မြန်​ယူ၍ မြည်း​တို့​အ​ပေါ်၌​တင်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ