Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:39

Judson Bible

ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်၊ သူ​တို့​အ​ဖို့ စား​သောက်​ပွဲ​ကို​လုပ်၍၊ အ​တူ​စား​သောက်​ကြ၏။

ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ငါ​တို့​နှင့် ပေါက်​ဖော်​တော်​သည်​ဖြစ်၍၊ ဤ​အ​မှု၌ သင်​တို့​သည် အ​ဘယ်​ကြောင့် စိတ်​ဆိုး​ကြ​သ​နည်း။ ရှင်​ဘု​ရင်၏ ရိ​က္ခာ​တော်​ကို ငါ​တို့​စား​ကြ​သ​လော။ ငါ​တို့​အား တစ်​စုံ​တစ်​ခု​သော ဆု​ကို​ပေး​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ကြ၏။

ဣ​သ​ရေ​လ​ပ​ရိ​သတ် ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ် တစ်​ပြား​စီ ဝေ​ငှ​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊

စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။

အ​နီး​အ​ပါး၌ နေ​သော​သူ​တို့​သည်​လည်း၊ သိုး​နွား​နှင့်​တ​ကွ အ​မဲ​သား၊ မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ်​သီး၊ စ​ပျစ်​ရည်၊ ဆီ​တည်း​ဟူ​သော ရိ​က္ခာ​များ​ကို မြည်း၊ ကု​လား​အုတ်၊ လား၊ နွား​အ​ပေါ်​မှာ​တင်​လျက် ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​မှ ပင့်​ဆောင်​ခဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပျော်​မွေ့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ