Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:38

Judson Bible

စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။

သင်​တို့​သည် ယ​နေ့​ကျင့်​သ​ကဲ့​သို့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့​လိုက်၍ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ အ​ထံ​တော်၌ စိတ်​နှ​လုံး​စုံ​လင်​ပါ​စေ​သော​ဟု မြွက်​ဆို​လေ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

စိတ်​နှစ်​ခွ​မ​ရှိ၊ တပ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​လျက် စစ်​ချီ၍​တိုက်​တတ်​သော ဇာ​ဗု​လုန်​အ​မျိုး​သား ငါး​သောင်း၊

ယော်​ဒန်​မြစ်​တစ်​ဖက် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က စစ်​တိုက်​လက်​နက်​စုံ အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော​သူ တစ်​သိန်း​နှစ်​သောင်း​တည်း။

ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။

ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

စုံ​လင်​သော တ​ရား​အ​တိုင်း ပ​ညာ​သ​တိ​နှင့် ကျင့်​ပါ​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ အ​ဘယ်​ကာ​လ​မှ ကြွ​လာ​တော်​မူ​မည်​နည်း။ ကိုယ်​အိမ်​တွင် သန့်​ရှင်း​သော​စိတ်​နှ​လုံး​နှင့် ကျင့်​ပါ​မည်။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ