အာရှာအမျိုးထဲက ထိုအတူလေ့ကျက်၍ စစ်ချီတတ်သော သူလေးသောင်း၊
စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍တိုက်တတ်သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သောသူ နှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
ယော်ဒန်မြစ်တစ်ဖက် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုးနှင့်ပြည့်စုံသောသူ တစ်သိန်းနှစ်သောင်းတည်း။
သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။