အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့်ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဖို့ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
တေကောအမျိုး ဣကေရှ၏သားဣရ၊ အနေသောသိအမျိုး အဗျေဇာ၊
ဗာဟုမိအမျိုး အာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
ဗိုလ်စုတွင် ထူးဆန်း၍ အကြီးအကဲလုပ်သော ဂိဗောင်မြို့သားဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုး ယောဇဗဒ်၊
စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။
တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။