Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:20

Judson Bible

မိ​မိ​အ​မျိုး​သား​တို့​တွင် လူ​တစ်​ထောင်​ကို အုပ်​သော​ဗိုလ်၊ အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိ​က္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု၊ ဇိ​လ​သဲ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊

ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဗိုလ်​ကြီး​ဖြစ်၍၊ ဓား​ပြ​လုပ်​သော သူ​တို့​တစ်​ဖက်၌ ဒါ​ဝိဒ်​ကို​မ​စ​ကြ၏။

ဧ​လျေ​နဲ၊ ဇိ​လ​သဲ၊ ဧ​လေ​လ၊

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နံ​နက်​စော​စော​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့ ပြန်​သွား​ကြ၏။ ဖိ​လိ​တ္တိ လူ​တို့​သည်​လည်း၊ ယေ​ဇ​ရေ​လ​မြို့​သို့ ချီ​သွား​ကြ၏။

ဖိ​လိ​တ္တိ​မင်း​တို့​က​လည်း၊ သင်​နှင့်​လိုက်​သော ထို​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အာ​ခိတ်​မင်း​က၊ ဤ​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လု၏​ကျွန်​ဒါ​ဝိဒ် ဖြစ်​သည်​မ​ဟုတ်​လော။ ကြာ​မြင့်​စွာ ငါ့​ထံ​မှာ​နေ​ပြီ။ ငါ့​ထံ​သို့ ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သူ၌​အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​ဟု ဖိ​လိ​တ္တိ​မင်း​တို့​အား ပြော​ဆို​သော်​လည်း၊

ဖိ​လိ​တ္တိ​မင်း​တို့​သည် စိတ်​ဆိုး​လျက် ဤ​သူ​ပြန်​ပါ​စေ။ မင်း​နေ​ရာ​ချ​သော အ​ရပ်​သို့ သွား၍​နေ​ပါ​စေ။ ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်။ စစ်​တိုက်​ရာ​တွင် ငါ​တို့​ရန်​ဘက်၌ နေ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ​သည် သူ့​သ​ခင်၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ ငါ​တို့​လူ​များ၏ အ​သက်​ကို​အပ်၍ ပြု​နိုင်​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ