Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:1

Judson Bible

ဒါ​ဝိဒ်​သည် ကိ​ရှ၏​သား​ရှော​လု​ကို ရှောင်၍ ဇိ​က​လတ်​မြို့၌​နေ​စဉ်၊ သူ့​ဘက်​သို့ ဝင်​စား​သော​သူ၊ လေး​လက်​နက်​ကို​ဆောင်၍ လက်​ယာ​လက်​လက်​ဝဲ​လက်​မ​ရွေး၊ ကျောက်​နှင့် မြား​ကို​ပစ်​တတ်​သော စစ်​သူ​ရဲ​ကြီး၊ ရှော​လု​ပေါက်​ဖော် ဗင်္ယာ​မိန်​အ​မျိုး​သား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​သေ​သော​နောက်၊ ဒါ​ဝိဒ်​သည် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​ရာ​မှ​ပြန်​လာ၍၊ ဇိ​က​လတ်​မြို့၌ နှစ်​ရက်​နေ​ပြီး​လျှင်၊

မိ​မိ၌​ပါ​သော​လူ​များ၊ အိမ်​ထောင်​များ​တို့​ကို​လည်း ဒါ​ဝိဒ်​သည်​ခေါ်​ခဲ့၍ သူ​တို့​သည် ဟေ​ဗြုန်​မြို့​ရွာ​တို့၌​နေ​ကြ၏။

အ​ရင်​တစ်​ခါ လူ​တစ်​ယောက်​သည်​လာ၍ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ပြော​မည်​အ​ကြံ​ရှိ​လျက်၊ ရှော​လု​သေ​ပါ​ပြီ​ဟု ငါ့​အား​ကြား​ပြော​သော​အ​ခါ၊ ထို​သ​တင်း​ကို​ပြော​သော​ကြောင့် ဆု​ကို​ရ​မည်​ဟု ထင်​သော​ထို​သူ​ကို၊ ဇိ​က​လတ်​မြို့၌ ငါ​ကိုင်​ဆွဲ၍ သတ်၏။

ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊

ဤ​ရေ​ကို သောက်​သော​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး​ကို ငါ​သောက်​ရ​မည်​လော။ သူ​တို့​သည် ကိုယ်​အ​သက်​ကို​စွန့်​စား၍ ဤ​ရေ​ကို ဆောင်​ခဲ့​ကြ​ပြီ​ဟု​ဆို​လျက် မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။

ဧ​လျေ​လ၊ ဩ​ဗက်၊ မေ​ဇော​ဗိတ်​အ​မျိုး ယာ​သေ​လ​တည်း။

နေ​ရ​သား​ကား ကိ​ရှ၊ ကိ​ရှ​သား ရှော​လု၊ ရှော​လု​သား ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​တည်း။

နေ​ရ​သား​ကား ကိ​ရှ၊ ကိ​ရှ​သား​ရှော​လု၊ ရှော​လု​သား​တို့​ကား ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​န​ဒပ်၊ ဣ​ရှ​ဗာ​လ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ