Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:9

Judson Bible

ဒါ​ဝိဒ်​သည် တိုး​ပွား၍ အား​ကြီး​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​အ​မျိုး​နှင့် ဒါ​ဝိဒ်​အ​မျိုး​တို့​သည် ကြာ​မြင့်​စွာ​စစ်​တိုက်၍၊ ဒါ​ဝိဒ်​သည် အား​တိုး​ပွား​လျက်၊ ရှော​လု​အ​မျိုး​သည် အား​ရွေ့​လျော့​လျက်​ရှိ​ကြ၏။

ဒါ​ဝိဒ်​တိုး​ပွား၍ အား​ကြီး​သ​ဖြင့် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။

မိ​လ္လော​အ​ရပ်​နှင့်​တ​ကွ မြို့​ပတ်​လည်၌​တည်​ဆောက်​ပြီး​မှ ကျန်​ကြွင်း​သော​မြို့​ကို ယွာ​ဘ​ပြု​ပြင်​လေ၏။

ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။

ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ