Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:6

Judson Bible

ဒါ​ဝိဒ်​က​လည်း၊ ယေ​ဗု​သိ​လူ​တို့​ကို အ​ဦး​လုပ်​ကြံ​သော​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဇေ​ရု​ယာ​သား ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဇေ​ရု​ယာ​သား​ယွာ​ဘ​နှင့် ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဆီး​ကြို​သ​ဖြင့်၊ ဂိ​ဗောင်​ရေ​ကန်​အ​နား​မှာ ဆုံ​မိ​လျက် ရေ​ကန်​တစ်​ဖက်​တစ်​ချက်၌ ထိုင်​ကြ၏။

ဇေ​ရု​ယာ​သား​သုံး​ယောက်၊ ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အာ​သ​ဟေ​လ ပါ​ကြ၏။ အာ​သ​ဟေ​လ​သည် တော၌​ကျင်​လည်​သော​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်၏။

ယွာ​ဘ​သည် ဣ​သ​ရေ​လ​တပ်​သား​အ​ပေါင်း​တို့​ကို​အုပ်​သော ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။

ဇေ​ရု​ယာ၏​သား​ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုပ်၏ သား​ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။

အ​ဗ​ရှ​လုံ​ညီ​လည်း ဖြစ်၏။ သူ​သည် ဇေ​ရု​ယာ​သား​ယွာ​ဘ၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​နှင့်​တိုင်​ပင်၍ သူ​တို့​သည် အ​ဒေါ​နိ​ယ​ဘက်​မှာ နေ​ကြ၏။

ယေ​ဗုတ်​မြို့​သား​တို့​က၊ သင်​သည် ဤ​မြို့​သို့ မ​ဝင်​ရ​ဟု ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။

ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ​သော​ကြောင့်၊ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​ကြ၏။

ဇေ​ရု​ယာ၏​သား ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုဒ်၏​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။

အ​ဟိ​သော​ဖေ​လ​နောက်​မှာ အ​ဗျာ​သာ​နှင့် ဗေ​နာ​ယ​သား​ယော​ယ​ဒ​သည် နေ​ရာ​ကျ၏။ ယွာ​ဘ​သည် တပ်​တော်​ဗိုလ်​ချုပ်​မင်း​ဖြစ်၏။

အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။

အ​ချို့​တို့​က​လည်း၊ ထို​လူ​ထွက်​လာ​သည်​ကို မြင်​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို​ကြိမ်း​ပ​လျက် ထွက်​လာ​ပါ​သည်​တ​ကား။ သူ့​ကို သတ်​သော​သူ​အား ရှင်​ဘု​ရင်​သည် ကြီး​သော​စည်း​စိမ်​နှင့် ချီး​မြှောက်၍ သ​မီး​တော်​ကို​လည်း ပေး​စား​တော်​မူ​မည်။ ထို​သူ၏​အ​ဆွေ​အ​မျိုး​ကို​လည်း ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မင်း​မှု လွှတ်​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ