တစ်ဖန် ဒါဝိဒ်သည် ဣသရေလလူ အပေါင်းတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊
သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟုမိန့်တော်မူ၏။
ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါကတိရှိသည်ဟုမိန့်တော်မူပြီဟု သူတို့အားပြောလော့။
ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကိုကား၊ ယုဒအမျိုးသားတို့သည်မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့တည်ရာ ယေဗုသိအရပ် တောင်ဘက်နားမှာလျှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့တက်လေ၏။
ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။