၁ ရာချုပ် 11:3Judson Bibleထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။