Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:23

Judson Bible

အ​ရပ်​ငါး​တောင်​မြင့်​သော အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ကို ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက် သွား၍၊ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင် ထို​လှံ​နှင့် သူ့​ကို​သတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​အ​မှု​တို့​ကို ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် ပြု၍ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ကို​ရ၏။

နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ယာ​ဣ​ယ​သား ဧ​လ​ဟာ​နန်​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ​ကြီး​သော လှံ​ရိုး​ကို​သုံး​စွဲ​သော ဂိ​တ္တိ​အ​မျိုး ဂေါ​လျတ်၏​ညီ​လာ​ခ​မိ​ကို သတ်​လေ၏။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။

ခြောက်​တောင်​နှင့်​တစ်​ထွာ အ​ရပ်​မြင့်​သော ဂါ​သ​မြို့​သား ဂေါ​လျတ်​အ​မည်​ရှိ​သော သူ​ရဲ​သည် ဖိ​လိ​တ္တိ​တပ်​ထဲ​က ထွက်​လာ၏။

ထို​အ​ခါ ဒါ​ဝိဒ်​သည် ဓား​မ​ပါ​သော​ကြောင့် ပြေး၍ ဖိ​လိ​တ္တိ​လူ​ကို နင်း​လျက်၊ သူ၏​ဓား​ကို ဓား​အိမ်​မှ​နုတ်​ဆွဲ​ပြီး​လျှင် လည်​ပင်း​ကို​ဖြတ်၍ အ​ပြီး​သတ်​လေ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ​တို့၏ သူ​ရဲ​သေ​ကြောင်း​ကို​မြင်​သော​အ​ခါ ပြေး​ကြ၏။

လှံ​ရိုး​ကား ရက်​ကန်း​လက်​လိပ်​နှင့် အ​မျှ​ကြီး၏။ လှံ​ကိုယ်​ကား သံ​ခြောက်​ပိဿာ​အ​ချိန် ရှိ၏။ သူ့​ရှေ့​မှာ​ဒိုင်း​လွှား​ကို ဆောင်​သော​သူ​တစ်​ယောက်​သည် သွား​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ