၁ ရာချုပ် 11:2Judson Bibleအထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်လည်းကောင်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်လည်းကောင်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။
အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။-
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။