Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:19

Judson Bible

ဤ​ရေ​ကို သောက်​သော​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး​ကို ငါ​သောက်​ရ​မည်​လော။ သူ​တို့​သည် ကိုယ်​အ​သက်​ကို​စွန့်​စား၍ ဤ​ရေ​ကို ဆောင်​ခဲ့​ကြ​ပြီ​ဟု​ဆို​လျက် မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ရေ​ကို သောက်​သော​အ​မှု​သည် အ​ကျွန်ုပ်​နှင့်​ဝေး​ပါ​စေ​သော။ ဤ​ရေ​သည် ကိုယ်​အ​သက်​ကို​မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး ဖြစ်​ပါ​သည်​မ​ဟုတ်​ပါ​လော​ဟု လျှောက်၍ မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။

နာ​ဗုတ်​က၊ ဘိုး​ဘေး​လက်​မှ အ​မွေ​ခံ​သော​မြေ​ကို ကိုယ်​တော်​အား ပေး​ရ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်၏။

ထို​သူ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍၊ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​သည် မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊

ယွာ​ဘ​ညီ​အ​ဘိ​ရှဲ​သည်​လည်း သူ​ရဲ​သုံး​ယောက်​တွင် အ​ကြီး​ဖြစ်၏။ သူ​သည် လှံ​ကို​ကိုင်၍ လူ​သုံး​ရာ​တို့​ကို တိုက်​ဖျက်​လုပ်​ကြံ​သော​ကြောင့်၊ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ရ​သ​တည်း။

ငါ့​အိမ်​သူ​အိမ်​သား​တို့​က၊ အ​ဘယ်​သူ​သည် ငါ​တို့​သ​ခင်၏ အ​မဲ​သား​ကို​တောင့်​တ၍ မ​ဝ​ဘဲ​နေ​ရ​သ​နည်း​ဟု မ​ဆို​တတ်​သ​လော။

သူ​တို့​အ​သက်​ကို လှည့်​စား​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း၏​လက်​မှ​ရွေး​နုတ်၍၊ သူ​တို့​အ​သွေး​ကို နှ​မြော​တော်​မူ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။-

ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-

ငါ​တို့​သည်​လည်း ဘေး​ရောက်​အံ့​သော အ​ခြင်း​အ​ရာ​နှင့် အ​ဘယ်​ကြောင့် တွေ့​ရ​ကြ​သ​နည်း။-

ဇာ​ဗု​လုန်​အ​မျိုး​သည် အ​သက်​ကို စွန့်​စား​သည်​တိုင်​အောင် ရဲ​ရင့်၍ နဿ​လိ​အ​မျိုး​သည် မြင့်​သော​တော​အ​ရပ်၌ ထို​နည်း​တူ​ပြု၏။

ငါ့​အ​ဘ​သည် သင်​တို့​အ​ဖို့ စစ်​တိုက်၍ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက်၊ သင်​တို့​ကို မိ​ဒျန်​အ​မျိုး​လက်​မှ ကယ်​နုတ်​လေ​ပြီ။

မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ