ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ ရဲတိုက်သို့သွား၏။
ဒါဝိဒ်ကလည်း တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ ဆုတောင်းပတ္ထနာပြု၏။
ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏တောင်သို့ရောက်၍ မြို့သို့ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။
တစ်ဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍နေကြစဉ်တွင်၊
ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုရွံရှာကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလမြို့၌ စည်းဝေးကြ၏။
ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူ့အစ်ကိုများ၊ အဆွေအမျိုးများ အပေါင်းတို့သည် ကြားလျှင် သူ့ထံသို့သွားကြ၏။
မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သောဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
တစ်ဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သောဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌နေ၏။
ရှောလုသည်လည်း လူများနှင့်တကွ လာ၍ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှထွက်သွား၍ မောနတော၌နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကိုလိုက်၍ ရှာ၏။