ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှာ မုယောစပါးစိုက်သော လယ်ကွက်၌စုဝေး၍ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။
ထိုသူတို့သည် လယ်ကွက်အလယ်၌ ရပ်၍စောင့်မလျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသောအခါ၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကိုနှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာတပ်ချကြ၏။