Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:10

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ ရှ​မွေ​လ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို​ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဗိုလ်​ကြီး​ဖြစ်၍၊ ဓား​ပြ​လုပ်​သော သူ​တို့​တစ်​ဖက်၌ ဒါ​ဝိဒ်​ကို​မ​စ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​အ​တိုင်း၊ ရှော​လု၏​နိုင်​ငံ​ကို ဒါ​ဝိဒ်​လက်​သို့​လွှဲ​ခြင်း​ငှာ ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ လာ​သော​သူ၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​သော တပ်​သား​စာ​ရင်း​ဟူ​မူ​ကား၊

ဒိုင်း​နှင့်​လှံ​ကို​ဆောင်၍ စစ်​တိုက်​လက်​နက်​စုံ​နှင့်​ပြည့်​စုံ​သော ယု​ဒ​အ​မျိုး​သား ခြောက်​ထောင်​ရှစ်​ရာ၊

စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။

ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။

ရှင်​ဘု​ရင်​အ​မှု​တော်​ကို စောင့်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ၊ တစ်​နှစ်​တွင် တစ်​ဆယ်​နှစ်​လ အ​စဉ်​အ​တိုင်း တပ်​ဖွဲ့၍၊ တစ်​လ​စီ​တစ်​လ​စီ အ​လှည့်​လှည့်​စောင့်​ရ​သော တပ်​သား​အ​မှု​ထမ်း နှစ်​သောင်း​လေး​ထောင်​စီ ရှိ​ကြ၏။

တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ