Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 10:14

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို မ​မေး​မြန်း​ဘဲ နတ်​ဝင်​မိန်း​မ​ကို ရှာ​ဖွေ​မေး​မြန်း​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကွပ်​မျက်၍၊ နိုင်​ငံ​တော်​ကို ယေ​ရှဲ​သား​ဒါ​ဝိဒ်၌ လွှဲ​အပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​အ​တိုင်း၊ ရှော​လု၏​နိုင်​ငံ​ကို ဒါ​ဝိဒ်​လက်​သို့​လွှဲ​ခြင်း​ငှာ ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ လာ​သော​သူ၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​သော တပ်​သား​စာ​ရင်း​ဟူ​မူ​ကား၊

ငါ​သည်​သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သင့်​ရှေ့​မှာ​ရှိ​သော သူ၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။

ဗော​ဇ​သား​ဩ​ဗက်၊ ဩ​ဗက်​သား​ယေ​ရှဲ​တည်း။

နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင်၊ ခြေ​တော်၌ အ​နာ​ရော​ဂါ​စွဲ၍ ပြင်း​စွာ​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဆည်း​ကပ်၊ ဆေး​သ​မား​တို့​ကို​သာ ဆည်း​ကပ်​လေ၏။

အ​ကြင်​သူ​သည် ကျေး​ဇူး​ကို​မ​သိ၊ မ​ကောင်း​သော​အ​မှု​နှင့် ဆပ်၏၊ ထို​သူ၏​အိမ်​သည် မ​ကောင်း​သော​အ​မှု​နှင့် မ​ကင်း​မ​လွတ်​ရ။

ကြိမ်​လုံး​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် မိ​မိ​သ​ခင်​ကို ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​သော​သူ​ကို ရန်​ပြု၍​ထောင်​လွှား​ရ​မည်​လော။

သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။

ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။

ယ​ခု​မူ​ကား သင်၏ အာ​ဏာ​မ​တည်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှ​လုံး​တော်​နှင့် ညီ​ညွတ်​သော​သူ​ကို ရှာ​တော်​မူ၏။ ထို​သူ​သည် လူ​မျိုး​တော်​အ​ပေါ်​မှာ​မင်း​ဖြစ်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း​မ​ကျင့်​ဟု ရှော​လု​အား​ဆို​ပြီး​လျှင်၊

ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ