Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 10:12

Judson Bible

သူ​ရဲ​အ​ပေါင်း​တို့​သည် ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို​ယူ​သွား၍၊ ယာ​ဗက်​မြို့​သို့ ဆောင်​ခဲ့​သ​ဖြင့်၊ အ​ရိုး​တို့​ကို ယာ​ဗက်​မြို့​မှာ သ​ပိတ်​ပင်​အောက်၌ သင်္ဂြိုဟ်​ပြီး​မှ ခု​နစ်​ရက်​ပတ်​လုံး​အ​စာ​ရှောင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။

ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။

ယော်​ဒန်​မြစ်​နား​မှာ အာ​တဒ်​ကောက်​နယ်​တ​လင်း​သို့​ရောက်​သော​အ​ခါ၊ အ​လွန်​ကြီး​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​ပြန်၏။ ယော​သပ်​သည် မိ​မိ​အ​ဘ​ကြောင့် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​လေ၏။

မိုး​မ​ချုပ်​မီ ဒါ​ဝိဒ်​သည် စား​တော်​ခေါ်​မည်​အ​ကြောင်း လူ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​က၊ နေ​မ​ဝင်​မီ မုန့်​အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ငါ​မြည်း​စမ်း​လျှင်၊ ထို​မျှ​မ​က ငါ၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​စေ​သ​တည်း​ဟု ကျိန်​ဆို၏

ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု၌​ပြု​သ​မျှ​ကို ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​များ​ကြား​လျှင်၊

မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။-

ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊

ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​မှ​လာ​သော တ​မန်​တို့​အား နက်​ဖြန်​နေ့ နေ​ပူ​ချိန်​ရောက်​သော​အ​ခါ ချမ်း​သာ​ရ​မည်​အ​ကြောင်း​ကို၊ မြို့​သား​တို့​အား ကြား​ပြော​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တ​မန်​တို့​သည်​သွား၍ သ​တင်း​ကြား​ပြော​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့​သည် ဝမ်း​မြောက်​ကြ၏။

သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ထ​သွား၍၊ ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို ဗက်​ရှန်​မြို့​ရိုး​မှ​ချ​ပြီး​လျှင်၊ ယာ​ဗက်​မြို့​သို့​ဆောင်​ခဲ့၍ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ