ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကိုယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာ သပိတ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာရှောင်ကြ၏။
ဣသရေလ အမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်း ဟူ၍လည်းကောင်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်၊ ယာဗက်မြို့သားတစ်ယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။