Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ 5:3

Judson Bible

အာ​ဇုတ်​မြို့​သား​တို့​သည် နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊ သူ့​ကို​ယူ၍ သူ၏​နေ​ရာ၌ တင်​ထား​ပြန်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။

လက်​ရှိ၍ မ​ကိုင်​တတ်။ ခြေ​ရှိ၍ မ​သွား​တတ်။ သူ​တို့​လည်​ချောင်း​ဖြင့် အ​သံ​မ​ပြု​တတ်​ပါ​တ​ကား။

ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

အ​ဖိုး​ထိုက်​သော အ​လှူ​ကို မ​လှူ​နိုင်​သော​သူ​သည်၊ မ​ဆွေး​မြေ့​တတ်​သော သစ်​သား​ကို​ရွေး​ကောက်​ပြီး​မှ၊ မြဲ​မြံ​သော​ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ၊ လိ​မ္မာ​သော​လက်​သ​မား​ကို ရှာ​တတ်၏။

ထို​သို့ ပန်း​တဉ်း​သ​မား​သည် ပန်း​ထိမ်​သ​မား​ကို နှိုး​ဆော်​တတ်၏။ သံ​တူ​နှင့် ချော​စေ​သော​သူ​သည်၊ ပေ​ပေါ်​မှာ​ရိုက်​သော​သူ​ကို​လည်း နှိုး​ဆော်၍၊ ဂ​ဟေ​ကောင်း​သည်​ဟု ဆို​တတ်၏။ ရုပ်​တု​ကို မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​နှင့် ရိုက်​ထား​တတ်၏။

ထို​ဘု​ရား​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ဆောင်​သွား​သ​ဖြင့် သူ့​နေ​ရာ၌ ထား​ကြ၏။ သူ​သည်​လည်း မတ်​တတ်​နေ၏။ သူ၏​နေ​ရာ​မှ သူ​မ​ရွှေ့​နိုင်။ သူ့​ကို အော်​ဟစ်​သော်​လည်း၊ သူ​သည်​မ​ထူး။ ဒု​က္ခ​ဆင်း​ရဲ​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။

ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​လ​နေ​ပြီး​မှ၊

ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ