Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ယော 2:9

Judson Bible

မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည် အစ်​ကို​အာ​မ​နုန်​အား ကောင်း​သော​စ​ကား၊ မ​ကောင်း​သော​စ​ကား​ကို မ​ပြော။ သို့​ရာ​တွင် နှ​မ​တာ​မာ​ကို​ရှုတ်​ချ​သော​ကြောင့် အ​ငြိုး​ထား၏။

သူ​တို့​သည် မ​သိ၊ နား​မ​လည်​ကြ။ မှောင်​မိုက်၌ ကျင်​လည်​ကြ၏။ မြေ​ကြီး​တိုက်​မြစ်​အ​ပေါင်း​တို့​သည် လှုပ်​ရှား​လျက်​ရှိ​ကြ၏။

သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-

ထို​ပါ​ရ​မီ​နှင့် ကင်း​သော​သူ​မူ​ကား၊ မျက်​စိ​ကန်း၏။ ကိုယ်​မျက်​စိ​ကို ကိုယ်​ပိတ်၏။ မိ​မိ​အ​ပြစ်​ဟောင်း ဆေး​ကြော​ကြောင်း​ကို မေ့​လျော့၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။-

မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။-

ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။-

ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ