Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ယော 1:4

Judson Bible

သင်​တို့၏ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း၊ ဤ​အ​ရာ​များ​ကို ငါ​တို့​သည် ရေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။-

ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။

ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။-

သင်​တို့​အား ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ စ​က္ကူ​ပေါ်၌ မင်​နှင့်​ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊ သင်​တို့​ဆီ​သို့ ငါ​လာ၍၊ အ​ချင်း​ချင်း အား​ရ​ဝမ်း​မြောက်​ခြင်း စုံ​လင်​မည်​အ​ကြောင်း၊ သင်​တို့​နှင့် နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ