Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ကော 7:7

Judson Bible

လူ​အ​ပေါင်း​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သို့​သော်​လည်း၊ လူ​အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သည်​အ​တိုင်း အ​သီး​အ​သီး​သော ဆု​ကျေး​ဇူး​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​က​လည်း၊ သင်​ပြော​တိုင်း​ဖြစ်​လော့​ဟု​ဝန်​ခံ၍၊ ထို​နေ့၌​ပင်၊ ပြောက်​ကျား​သော​ဆိတ်​ထီး၊ ပြောက်​ကျား​သော​ဆိတ်​မ၊

ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။-

ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။-

ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။

ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။-

ထို​ကြောင့် မ​ယား​မ​ရှိ​သော​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို ငါ​ဆို​သည်​ကား၊ ထို​သူ​တို့​သည် ငါ​ကဲ့​သို့​နေ​လျှင် ကောင်း၏။-

သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​သည် အ​လျှင်း​မ​သုံး။ သင်​တို့​သည် ငါ့​အား ထို​သို့​ပြု​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ရေး​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို သူ​တစ်​ပါး​ဖျက်​ဆီး​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း၏။-

ကေ​ဖ​နှင့် သ​ခင်​ဘု​ရား၏​ညီ​များ​မှ​စ၍ ကြွင်း​သော တ​မန်​တော်​များ​ကဲ့​သို့၊ ငါ​တို့​သည် ဒေ​သ​စာ​ရီ လှည့်​လည်​သည်​တွင် နှ​မ​ဖြစ်​သော​မ​ယား ပါ​စေ​ခြင်း​ငှာ အ​ခွင့်​မ​ရှိ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ