Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ကော 7:10

Judson Bible

ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ဣ​သ​ရေ​လ​အ​မျိုး၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း၌ သ​စ္စာ​ဖျက်​သ​ကဲ့​သို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ၌​သ​စ္စာ​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့် ကွာ​သော​သူ​သည် မိ​မိ​မ​ယား​ကို မှား​ယွင်း​စေ၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို ပြစ်​မှား၏။-

ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ လူ​သည် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-

အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-

ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-

သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။-

ခင်​ပွန်း​မ​ရှိ​သော​သူ​တို့၏ အ​မှု​မှာ၊ သ​ခင်​ဘု​ရား၏​ပ​ညတ်​တော်​သည် ငါ၌​မ​ရှိ​သော်​လည်း၊ ငါ​သည် သ​စ္စာ​ရှိ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​သူ​ကဲ့​သို့ စီ​ရင်၏။-

အ​ခွင့်​ရှိ​သော်​လည်း၊ အ​ခြား​သော​သူ၏ မ​ယား မ​ဖြစ်​ဘဲ​နေ​လျှင်၊ သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​သ​ဘော​ရှိ၏။ ငါ၌​လည်း ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​ရှိ​တော်​မူ​သည်​ဟု ငါ​စွဲ​လမ်း​ခြင်း​စိတ်​ရှိ၏။

သို့​ရာ​တွင် ပ​ညတ်​မ​ထား​ဘဲ အ​ခွင့်​ပေး​ခြင်း​အား​ဖြင့်​သာ ငါ​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ