Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ကော 5:2

Judson Bible

ထို​သို့​ပြု​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​မည်​အ​ကြောင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို​မ​ပြု၊ မာ​န​ထောင်​လွှား​လျက် နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​သား​တို့​သည် ဖျက်​ဆီး​ရာ​နှင့် ကျိန်​ဆဲ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည် ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို​ပြု​သော​ကြောင့် သင့်​စ​ကား​ကို ငါ​နား​ထောင်၏။

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊

အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ယောက်​သည်၊ မော​ရှေ​ရှေ့၌​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ငို​ကြွေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌​လည်း​ကောင်း၊ မိ​ဒျန်​မိန်း​မ​ကို​လည်း၊ မိ​မိ​ညီ​အစ်​ကို​တို့ ထံ​သို့​ဆောင်​ခဲ့​လေ၏။

ငါ​သည် သင်​တို့​ဆီ​သို့ ကိုယ်​တိုင်​မ​လာ​ဟု အ​ချို့​သော သူ​တို့​သည် ထင်​မှတ်​သည်​နှင့်၊ မာ​န​ထောင်​လွှား​ခြင်း ရှိ​ကြ၏။-

ပြင်​လူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထို​ဆိုး​ညစ်​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​ကြ​လော့။

ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-

အ​ထက်​က​ပြစ်​မှား၍ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို ပြု​မိ၍၊ ယ​ခု​တိုင်​အောင် နောင်​တ​မ​ရ​သော​သူ​အ​များ​ကြောင့် ငါ​စိတ်​မ​သာ ညည်း​တွား​ရ​သ​ဖြင့်၊ သင်​တို့​ရှေ့၌ ဘု​ရား​သ​ခင်​သည် ငါ့​ကို​နှိမ့်​ချ​တော်​မူ​မည် ဟူ၍​လည်း​ကောင်း စိုး​ရိမ်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ