ဧသတာ 9:5Judson Bibleထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ သူတို့ကို ဓားဘေးသို့လည်းကောင်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့လည်းကောင်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည် သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့လည်း စစ်တိုက်ပွဲ၌ ဓားဖြင့် ဆုံးကြပါစေသော။
အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။-