Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 9:4

Judson Bible

အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​အ​မျိုး​နှင့် ဒါ​ဝိဒ်​အ​မျိုး​တို့​သည် ကြာ​မြင့်​စွာ​စစ်​တိုက်၍၊ ဒါ​ဝိဒ်​သည် အား​တိုး​ပွား​လျက်၊ ရှော​လု​အ​မျိုး​သည် အား​ရွေ့​လျော့​လျက်​ရှိ​ကြ၏။

ဒါ​ဝိဒ်​သည် တိုး​ပွား၍ အား​ကြီး​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။

ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။

အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။

လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး​အ​ရာ၌ ခန့်​ထား​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။

သူ​တို့​တောင်း​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖြစ်​စေ​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်၏​ကျွန်​များ၊ လူ​များ​ရှေ့၌ ကြီး​စွာ​သော​အ​သ​ရေ​ရှိ​လေ၏။

ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​သည် တက်​သော​အ​ရုဏ်​ကဲ့​သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်​အောင် တိုး​ပွား​ထွန်း​လင်း​တတ်၏။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ထို​အ​ခါ ငါ​စီ​ရင်​မည်။ နာ​သော​သူ​ကို ချမ်း​သာ​ပေး​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​ကို သင်း​ဖွဲ့​စေ​မည်။ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​ရ​ရာ ပြည်​အ​ရပ်​ရပ်​တို့၌ ချီး​မွမ်း​ခြင်း ဂုဏ်​အ​သ​ရေ​ကို ပေး​မည်။

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​နှင့်​အ​တူ ရှိ​တော်​မူ၍၊ သူ၏​သ​တင်း​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ